Press Release (December 20, 2021)
Press Release (December 20, 2021)

Press Release (December 20, 2021)

Read press release in pdf.

PRESS CONTACT
Han Seth Lu
Director of Communications
communications@studentsforfreeburma.org

၂၀၂၂ အမေရိကန်နိုင်ငံ အမျိုးသားကာကွယ်ရေးဆိုင်ရာဥပဒေရပ် (NDAA) တွင် မြန်မာ့ ဒီမိုကရေစီရေးနှင့်သက်ဆိုင်သော ပြင်ဆင်ချက်များ ထည့်သွင်းအတည်ပြုခြင်းကို SFB မှ ကြိုဆိုပြီး အမေရိကန်အထက်လွှတ်တော်အနေဖြင့် Burma Act of 2021 ကို အမြန်ဆုံးထောက်ခံအတည်ပြုရန် တိုက်တွန်းလိုက်သည်။

(ဆန်ဖရန်စစ္စကိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်) – Students for Free Burma အနေဖြင့် အမေရိကန် အထက်လွှတ်တော်အတွင်း၌ ၂၀၂၂ အမျိုးသားကာကွယ်ရေးဆိုင်ရာဥပဒေရပ် (NDAA) ချမှတ်ရာတွင် မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးအထောက်အကူပြုမည့် ပြင်ဆင်ချက်များ ထည့်သွင်းအတည်ပြုလိုက်ခြင်းအား ကြိုဆိုသည်။ အမေရိကန်အထက်လွှတ်တော်သည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနှင့် စပ်လျဉ်း၍ တုန့်ပြန်မှုများကို အမေရိကန်အစိုးရမှ ထိထိရောက်ရောက်ချမှတ်ဖို့ရန် ရှေ့တိုးလုပ်ဆောင်နေသည်ကို တွေ့ရသည့်အတွက်လည်း ဝမ်းမြောက်မိပါသည်။ 

သို့ရာတွင် မြန်မာပြည်ဆိုင်ရာ NDAA ပြင်ဆင်ချက်များကို လွှတ်တော်အတွင်း အတည်ပြုလိုက်နိုင်ခြင်းသည် ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုကိုတုန့်ပြန်ရာတွင် အပြုသဘောဆောင်သည့် ရှေ့ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း မြန်မာစစ်တပ်အား အရေးယူရန်နှင့် အကူအညီလိုအပ်နေသည့် ပြည်သူများအား ထိရောက်စွာကူညီနိုင်ရန် လုံလောက်သော ခြေလှမ်းတစ်ခုမဟုတ်ပါ။ ယခုကဲ့သို့ NDAA ပြင်ဆင်ချက်များအတည်ပြုနိုင်မှုကို အားယူ၍  မြန်မာပြည်ဆိုင်ရာဥပဒေကြမ်းဖြစ်သည့် Burma Unified through Rigorous Military Accountability Act of 2021 (BURMA Act of 2021) ကို အထက်လွှတ်တော်အတွင်း ထောက်ခံအတည်ပြုကြရန် အမေရိကန်အထက်လွှတ်တော်အမတ်များအား SFB  မှ တိုက်တွန်းအပ်ပါသည်။ BURMA Act of 2021 သည် မြန်မာနိုင်ငံမှ ပြည်သူများ၊ ဒီမိုကရေစီအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် လူသားခြင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအတွက် လိုအပ်နေသော အထောက်အပံ့များကို ပေးအပ်ခွင့်ပြုပေးယုံမျှမက လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အစုလိုက်အပြုံလိုက်မတရားအကြမ်းဖက်မှုများနှင့် ဆက်နွယ်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား သင့်လျှော်သည့် ပိတ်ဆို့ဒဏ်ခတ်ခြင်းများချမှတ်နိုင်ရန်လည်း ခွင့်ပြုပေးမည်ဖြစ်သည်။ 

မြန်မာပြည်ဆိုင်ရာဥပဒေကြမ်း the Burma Act သည် NDAA ပြင်ဆင်ချက်များနှင့် နှိုင်းယှဉ်လျှင် ပိုမိုစုံလင်ထိရောက်သည့် ဥပဒေတစ်ခုဖြစ်သည့်အားလျှော်စွာ မြန်မာ့ဒီမိုကရေစီအရေးကိုရှေရှု၍ ဤဥပဒေကြမ်းအား အမေရိကန်အထက်လွှတ်တော်အတွင်းအမြန်ဆုံးအတည်ပြုပါရန် SFB မှတောင်းဆိုလိုက်သည်။ 


About Students for Free Burma: Students for Free Burma (SFB) is a collective of Burmese activists, scholars, and students based in the U.S. and supporters working to advocate for democracy, freedom, and human rights in Burma. Our activism takes on a more policy-centric approach. We work to inform U.S. policy makers and the public on grave human rights violations, crimes against humanity, and other atrocities committed by the Burmese military, and to rally their support for democratic struggle in Burma. We also advocate and advise U.S policy makers on specific legislations and key policies relating to Burma.

Leave a Reply

Your email address will not be published. Required fields are marked *